4.The Emperor

Key 4- The  Emperor


ကဒ်နံပါတ်-၄။ ။ ဧကရာဇ် 
ကမ္ဘာမြေ ကိုဖန်ဆင်းသူ၊နတ်ဘုရား တို့ရဲ့ ဧကရာဇ်၊လူသား နဲ့ နတ်ဘုရား တို့ကို ပိုင်စိုးသူ၊ တိုင်တန် ခရိုးနော့ နဲ့ ရိဟာ တို့ရဲ အငယ်ဆုံးသား ဇုစ် က ဒီကဒ် ကို ကိုယ်စားပြုပါတယ်။ရှေ့ဖြစ်ဟောကိန်း က ခရိုးနော့ ကို သူသားတွေ ထဲက တစ်ယောက် က နန်းချလိမ့်မယ် လို့ နိမိတ်ဖတ်ခဲ့လို့ ခရိုးနော့ က ငါးနှစ်လုံးလုံး ရိဟာ မွေးသမျှ သားတွေကို မျက်လုံးတောင်မပွင့်ခင် မျိုချလိုက်တယ်။
ဒါကို မကျေနပ်တဲ့ ရိဟာ က ခြောက်ယောက်မြောက် ကလေး မမွေးခင် အာခဒိယ ကို တိတ်တိတ်လေး ထွက် သွားပြီး ဇုစ်ကို မွေးခဲ့တယ်။ပြီးမှ ကျောက်တုန်းတစ်တုန်း ကို အဝတ်နဲ့ ပတ်ပြီး သူ့ကလေး အဖြစ် ခရိုးနော့ ကို ပေးလိုက်တယ်။ခရိုးနော့လည်း မဆိုင်းမတွ မျိုချလိုက်တယ်။ဇုစ် အရွယ်ရောက် လာတော့ ခရိုးနော့ နားကို ခွက်တော်ဆက် အယာင်ဆောင်ပြီး သူယူလာတဲ့ ဖျော်ရည် ကို တိုက်လိုက်တော့ ခရိုးနော့ ပါးစပ်ကနေ ကလေးငါးယောက် နဲ့ ကျောက်တုန်းပါ ပြန်ထွက်လာခဲ့တယ်။ ဇုစ် က သူ့ အစ်ကိုတော် နဲ့ အမတော် တွေကို ဦးဆောင်ပြီး ခရိုးနော့ ကို နန်းချ ပြီး ထီးနန်းအသစ် ကို စခဲ့တယ်။ ဘုရင်အသစ် ဟာ အိုလံပတ်စ် တောင်ကို နန်းတော်ရာ အဖြစ် သတ်မှတ်ပြီး သူ့ရဲ. သြဇာခံ နတ်ဘုရား အစဉ်အဆက် ကို စတင်အခြေတည် ခဲ့တယ်။သူ့ သင်္ကေတ ကတော့ မိုးကြိုး နဲ့ ဝရဇိန်လက်နက်ပါ။သူ့ ရင်သွေးတွေ မှာ တရားရေးရာ နတ်ဘုရားမ အေသင်၊သဘာဝတရား ဥပဒေ ရဲ့ နတ်ဘုရားမ ဒိုက်၊ကံကြမ္မာတရား နတ်ဘုရားမ မွိုင်ရာ နဲ့ အနုပညာ ကို ပိုင်စိုးစေစား တဲ့ နတ်ဘုရားမ ကိုးပါး လည်းပါဝင်တယ်။မိဖုရားခေါင်ကြီး ကတော့ ဟီရာပါ။ဇုစ် ဟာ သူချမှတ်ထားတဲ့ ဥပဒေသ တွေအတိုင်း ကောင်းခြင်း နဲ့ ဆိုးခြင်း ကိုခွဲခြားပေးပါတယ်။
Symbolism 
1. ANKH - အီဂျစ်တို့ ၏ ဘဝရှင်သန်မှု သင်္ကေတ နှင့် ဖြစ်ထွန်းပေါ်ပေါက်မှုများ၊အဖို နှင့် အမ ပူးပေါင်းမှုများ ရှိသည်။
2. ကမ္ဘာလုံး(Globe) - အာဏာပိုင်စိုးမှု ၏ သင်္ကေတ
3. ကမ္ဘာ၏စက်ဝန်းပိုင်း (Arc Of The World) - အရှင်သခင် (သို့) စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှု
4. သိုး၏ဦးခေါင်း ( Ram's Head ) - အင်္ဂါဂြိုလ်၊စစ်မက်၊အင်အားခေါင်းဆောင်မှု တို့၏ သင်္ကေတ ဖြစ်သည်။

တားရော့ နှင့် နက္ခတ်ဗေဒ ဆက်နွယ်မှု
ဧကရာဇ် ကားချပ် = ကြာသာပတေးဂြိုဟ် (jupiter)
ကြာသာပတေးဂြိုဟ် သည် ကြီးမားမြင့်မြတ် ပြီး ရိုးသားမှု ၊ စိတ်စေတနာ ကောင်းမှု ၊ စာနာထောက်ထား မှု စသည့် ဂုဏ်များ ပါရှိသည်။ဆုံးဖြတ်ချက် ပြတ်သားမှုရှိကာ ဦးဆောင်မှုပေးပါသည်။အင်္ဂါဂြိုဟ် သည် ကြာသာပတေးဂြိုဟ် ကိုဂြိုဟ်အမြင်ကောင်းပါက ရည်မှန်းချက်ဆန္ဒမြင့်မားတတ်ပါသည်။




ကဒ်အတည့်
  • ဟန်ချက်ညီမှု၊အာဏာပိုင်စိုးမှု၊ရုပ်အပေါ် စိတ်ကလွှမ်းမိုးမှု၊အတွေ့အကြုံ၊အသိပညာ။
  • အမှန်တရား၊တရားမျှတမှု၊သည်းခံ ခွင့်လွှတ်မှု တို့ကို ဆွဲကိုင်ပါ။
  • မိမိအသိဥာဏ်ဖြင့် မိမိကိုယ်ကိုမိမိ ထိန်းသိမ်းတတ်သူ ၊ ပြင်ပပယောဂ အလွယ်တကူ မနှောင့်ယှက်နိုင်၊လူအများ၏ လေးစားမှုကို ခံရပြီး အာဏာတစ်ခုခုကို ပိုင်ဆိုင်သူ ဖြစ်မည်။
  • အခွင့်အရေး အသစ်တွေ ရရင် နှောင့်နှေး မနေဘဲ အရယူပါ။
ကဒ်ပြောင်းပြန်
  • မှန်ကန်သော ဦးတည်မှု လိုအပ်သည်။ထိန်းချုပ်မှုစွမ်းရည် လျော့နည်း၏။မိမိကိုယ်မိမိ စည်းကမ်းနှင့် ထိန်းတတ်ဖို့ လိုသည်။
  • လမ်းပျောက် နေတတ်၍ နေ့ စဉ် အလုပ်ကို စီမံချက်ချပြီး လုပ်ရမည်။
  • တာဝန်တွေ ပိနေမည်။တစ်စုံတစ်ယောက်က ဝန်ထုပ်ဝန်ပိုးကြီးလို ဖြစ်နေမည်။ ငွေရပြီဆို ကုန်ပေါက် က အသင့်ဖြစ်နေ တတ်သည်။ သူတစ်ပါးကို နိုင်ထက်စီးနင်း မလုပ်ပါနှင့်။ကိုယ်က မှန်မှန်ကန်ကန်နေတတ်မှ တော်ရုံကျသည့် အခြေအနေဖြစ်မည်။

သမာဓိထူထောင်ရန်
အဓိဋ္ဌာန် တစ်ခုဝင်ဖို့ကြိုးစားပါ။ကမ္မဋ္ဌာန်း တစ်ခုခုကိုရွေးကာ စိုက်လိုက်မတ်တတ် လုပ်လျှင်အကျိုးပေးမည်။ဆရာ မရှာပါနှင့်၊မိမိစရဏပေါ် မူတည်ပြီး ဆန္ဒအလိုကို ရောက်လာမည်။
  • ရာသီခွင်- Aries ,Scorpio
  • ဂြိုဟ် - Jupiter
  • ဝိသေသလက္ခဏာ - မိမိကိုယ်ကိုမိမိ ထိန်းသိမ်းမှု
  • ကားချပ်အဓိပ္ပါယ် - ခေါင်းဆောင်မှု
  • ဆက်စပ်အရောင် - ခရမ်းရောင်

Comments

Popular posts from this blog

3.The Empress

0.The Fool