0.The Fool
ကဒ်နံပါတ်-၀ ။ ။အရူး
နှစ်ကြိမ် ရှင်ပြန်မြောက် သော ၊ ဇုစ် နတ်ဘုရား ရဲ့ သားတော် ဒိုင်ယိုနိစက် က အရူးကဒ် ကို ကိုယ်စားပြု တယ်။ သီဘီးစ် နိုင်ငံတော် ရဲ့ မင်းသမီး ဆယ်မလီ နဲ့ နတ်ဘုရား ဇုစ် တို့ အကြောင်းသင့် လို့ ရလာခဲ့ တဲ့ ဒိုင်ယိုနိစက် ဟာ ဇုစ် ရဲ့ မိဖုရားခေါင် ဟယ်ရာ ရဲ့ ရန်ငြိုး ကို မမွေး ခင် ကတည်း က ရင်ဆိုင်ခဲ့ ရတယ်။
ဟယ်ရာ က ကိုယ်လုပ်တော် အယောင် ဆောင် ပြီး ဆယ်မလီ ကို ဇုစ် ရဲ့ အချစ် ကို စမ်းသတ် ဖို့ ဆယ်မလီ ရဲ့ အရှေ့ မှာ နတ်တန်ခိုး အပြည့် နဲ့ ကိုယ်ထင်ပြ ဖို့ အကြံပေး သတဲ့။ နောက်ည ဇုစ် ရောက်လာတဲ့ အချိန် အဲဒီလို တောင်းဆိုတော့ ငြင်းမရတဲ့ အဆုံး တန်ခိုးအပြည့် နဲ့ ကိုယ်ထင်ပြ တဲ့ အခါ ဆယ်မလီ ဟာ ဇုစ် ရဲ့ တန်ခိုးကြောင့် ထွက်လာ တဲ့ မိုးကြိုး နဲ့ လျှပ်စီး ကြောင့် မီးလျှံတွေ ရဲ့ ဝါးမြို ခြင်းကို ခံလိုက်ရတယ်။ဒါပေမယ့် ဇုစ် က သန္ဓေသား ဒိုင်ယိုနိစက် ကို ကယ်တင် လိုက် နိုင်တယ်။နတ်ဘုရားတွေရဲ့ စာချွန်တော် ဖြစ်တဲ့ ဟားမိစ် က အဲဒိ သန္ဓေသား လေးကို ဇုစ် ရဲ့ ပေါင်မှာ ထဲ့ချုပ်ပေးခဲ့လို့ ဒိုင်ယိုနိစက်ဟာ ပထမအကြိမ် ရှင်သန်နိုင် ခဲ့တယ်။
အခဲ မကျေတဲ့ ဟယ်ရာ က ကမ္ဘာမြေ ရဲ့ နတ်ဘုရား တိုင်တန် ကို ထပ်လွှတ်ပြီး တစစီ ဖြစ်အောင် လုပ်ခိုင်း ပေမယ့် ဇုစ် က ဒိုင်ယိုနိစက် ရဲ့ နှလုံးသား ကို အရယူ ပြီး သလဲသီးဖျော်ရည် အဖြစ် ဖန်ဆင်းပြီး အပျိုစင် နတ်ဘုရားမ ပါစီဖုန်း ကို တိုက်ကျွေး ခဲ့လို့ ဒုတိယ အကြိမ် ရှင်သန်ခွင့် ရလိုက်တယ်။
မြေအောက်ကမ္ဘာ အရှင်သခင် ဟေးဒိစ် က ပါစီဖုန်းကို အတင်းခေါ်ဆောင် သွားခဲ့လို့ ဒိုင်ယိုနိစက် ဟာ အဲဒိမြေအောက်ကမ္ဘာ မှာ နောက်တစ်ကြိမ် ပြန်လည်မွေးဖွား ခဲ့လို့ သူ့ကို ဘဝင်ဆန္ဒ တို့ ၏ အရှင်သခင် နှစ်ကြိမ် ရှင်ပြန် သော ဒိုင်ယိုနိစက်-အီယချို လို့ ကင်မွန်းတပ်ကြတယ်။ ဟယ်ရာရဲ့ အမျက်တော်ကြေင့် ရော၊ခမည်းတော် ဇုစ် စေခိုင်း ချက် ကြောင့်ရော ဒိုင်ယိုနိစက် ဟာ အိုလံပတ်စ် တောင်ပေါ်မှာ နေခွင့်မရှိ ပဲ လူသားတွေရဲ့ ဒုက္ခ သုခ တွေ မျှဝေဖို့ လူသားတွေနဲ့ နေထိုင်ရင်း သူဟာ အပေအတေ တွေ မိန်းမတွေ တိရိစ္ဆာန်တွေရဲ့ ဆည်းကပ်ရာဖြစ်လာခဲ့တယ်။လူသားမျိုးနွယ် ကို ဝိုင် လက်ဆောင်ပေး ခဲ့သူ ဟာ ယစ်မူးနေတဲ့ အချိန်မှာ ရနိုင်တဲ့ ပျော်ရွင်မှု ဝမ်းနည်းမှု ဆိုတဲ့ ဘဝင်စိတ် ကိုပါ လက်ဆောင်ပေးခဲ့တယ်။နောက်ဆုံး ဇုစ် က သူ့ကို အိုလံပတ်စ်တောင် ပေါ် ပြန်ခေါ်ပြီး ညာလက်ရုံး နေရာမှာ ထားခဲ့တယ်။

* တားရော့ ရှင်းခန်း
ဒီကဒ် ကို ဆရာတွေက master ကဒ် လို့ပြောကြတယ်။ဘာကြောင့်လဲဆိုတော့ သုည ဖြစ်နေလို့ပဲ။သုည ရှေ့မှာ ရှိရှိ၊နောက်မှာ ရှိရှိ ကြိုက်တဲ့ တန်ဖိုး ပြောင်းလဲ သွားနိုင်တယ်။ကဲ အခု ကဒ် ရဲ့ အဓိပ္ပါယ် ရှင်းချက်လေး ကြည့်လိုက်ရအောင်။
အတိုဆုံးပြောရရင် change ပဲ။ အပြောင်းအလဲ အတွက် အဆင်သင့်ဖြစ်ပြီးသား ၊ ဘာလာလာ ကိစ္စ မရှိဘူး၊ အားလုံးအတွက် ရင်ဆိုင်ဖို့ အသင့်ပဲ ဆိုပေမယ့် ကြိုတွေးပြီး လုပ်ထားတဲ့ အစီအစဉ် မရှိဘူး။ဆန္ဒ တစ်ခု ၊ ဘဝင်စိတ် တစ်ခုနဲ့ အဆင်သင့်ဖြစ်နေတယ်။
ဆိုတော့ အဲဒီကဒ် ဟာ မသိခြင်းနဲ့ အတူ ရဲရင့်ခြင်း ရင်ဆိုင်ရဲခြင်း တွေ သက်ဝင်နေလို့ လူသားဆန်တဲ့ ကဒ် လို့ပြောရမယ်ထင်တယ်။တားရော့ကဒ် ပုံစံတွေ ကွဲသွားပေမယ့် အများအားဖြင့် ချောက်ကမ်းပါးထဲ ကို လှမ်းဖို့အသင့်ဖြစ်နေ တဲ့ အရူးကဒ် ဟာ အသစ်၊နောက်ထပ် တစ်ကြိမ်ပြန်စ၊အမှောင် က အလင်းရောက် ဆိုတဲ့ နိမိတ်တွေ ကိုယ်စားပြုနေတယ်။

* တားရော့ နှင့် နက္ခတ်ဗေဒ ဆက်နွယ်မှု
အရူးကဒ် ကို Uranus ဂြိုလ် လွှမ်းမိုးပြီး မြေ နဲ့ လေ ဓာတ်ကြီးစိုး ပါတယ်။
* သမာရိုးကျ အဓိပ္ပါယ်
- ကဒ်အတည့်
1. အခွင့်ရေးသစ်တွေ ရှိပေမယ့် ပေးဆပ်စွန့်စား ရမှာ ရှိသေးတယ်
2. ဘဝ မှာ အပြောင်းအလဲ တွေ ရှိပေမယ့် မလုပ်ခင် စဉ်းစားဦး
3. အပေါင်းအသင်း နဲ့ ခရီးထွက်ရ လိမ့်မယ်
4. ဒီအချိန်မှာ သူများပြောတာ ခေါင်းထဲ မထည့်နဲ့

- ကဒ်ပြောင်းပြန်
1. အလျှင်စလို ဆုံးဖြတ်ချက် မချပါနဲ့
2. ကိုယ့်ဘက် က သေချာလာတဲ့ အထိ ဖိအားတွေ ကိုတောင့်ခံပါ
3. မလုပ်ခင် သေချာစဉ်းစားပါ ၊အခွင့်အရေး ဘက်လောက်ကောင်းကောင်း ထင်ထားတာနဲ့ လွဲတတ်တယ်
4. စိတ်လေနေပြီး အမှားတွေ လုပ်မိလိမ့်မယ်

Comments
Post a Comment