2.The High Priestess
Key 2 - The High Priestess
ကဒ်နံပါတ်-၂ ။ ။သူတော်စင်မ
မြေကမ္ဘ္ဘာမိခင် နှင့် သေခြင်းတရား ၏ လျှို့ဝှက်ချက်များ စောင့်ရှောက်သူ ဒီမိတာ ရဲ့ သမီးတော် မြေအောက်ကမ္ဘာ ရဲ့ အရှင်သခင်မ ပါစီဖုန်း က သူတော်စင်မကဒ်ကို ကိုယ်စားပြုပါတယ်။မြေအောက်ကမ္ဘာ ရဲ့ သခင် ဟေးဒိစ် ဟာ သူ့ကို စုံမက်လွန်းလို့ ပါစီဖုန်း ပန်းခူးထွက်လာချိန် မှာ အတင်းအကျပ် ခိုးပြေးခဲ့ပါတယ်။အမှောင်ကမ္ဘာဘက်ခြမ်း ရောက်တဲ့အခါ ဟေးဒိစ် က ပါစီဖုန်း သူနဲ့ အမြဲတစေ နေနိုင်ဖို့ သေခြင်းတရားရဲ့ အသီးဖြစ်တဲ့ သလဲသီးကို စားစေခဲ့တယ်။ပါစီဖုန်း က ဟေးဒိစ် နဲ့ အတူ မြေအောက်ကမ္ဘာကို တစ်နှစ်မှာ ၃လ အုပ်စိုးပြီး ကျန် ၉လ ကတော့ သူ့အမေနဲ့ အတူ နေရပေမယ့် သူသိခဲ့တယ့်အမှောင်ကမ္ဘာ ရဲ့ လျှို့ဝှက်ချက်များ ကိုတော့ ဘယ်တော့မှ ပြန်မပြောခဲ့ပါဘူး။ ဟေးဒိစ်အုပ်စိုး တဲ့ အမှောင်ကမ္ဘာဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး ကြောက်မယ်ဖွယ်ကောင်းတယ့် စတစ်ခ်(styx)မြစ်ကြီး က ကွေ့ပတ်စီးဆင်းလို့နေပါတယ်။ဟေးဒိစ် ခွင့်မပြုပဲ အသက်ရှင်လျှက် ဖြတ်ခွင့်မရှိ တဲ့ အဲဒိ သေမင်းတမန်မြစ်ကြီးကိုတော့ သေသူတွေရဲ့ လိပ်ပြာတွေဟာ ကူးတို့သမားကြီး ခဲရွန်(Charon) ကို အကြွေစေ့ မပေးပဲ ကူးလို့မရပါဘူး။ခဲရွန် က အဲဒိ ဝိဥာဉ်တွေကို ခေါင်းသုံးလုံး ရှိတဲ့ ငရဲခွေးကြီး ဆဲဘရပ်စ်(Cerberus) စောင့်ကြပ်နေတယ့် ဟေးဒိ ရဲ့ နန်းတော်ဆီကို ပို့ဆောင်ပေးရပါတယ်။
တားရော့ ရှင်းခန်း
- အုန်းထန်းပင်(Palm) - သေခြင်းတရား အပေါ်၌ အောင်မြင်မှု ရှိခြင်း
- သလဲသီး(Pomegranates) - ဘဝ၌ အေးဆေးတည်ငြိမ်ခြင်း၊သားပေါက်ပွားနိုင်စွမ်းရှိခြင်း
- ကျမ်းစာလိပ်(Scroll) - လျှို့ဝှက်ဆန်းကြယ်မှုများ၊အတိတ်ဖြစ်ရပ်များ၊အတွင်း မသိစိတ်အပေါ် ဖိနှိပ်ခံစားချက်များ
- ခန်းဆီးလိုက်ကာ( Veil) - လျှို့ဝှက်အကြောင်းအရာများ(သို့)စိတ်ကူးအတွေးများ
တားရော့ နှင့် နက္ခတ်ဗေဒ ဆက်နွယ်မှု
သူတော်စင်မ ကားချပ်=တနလာင်္ဂြိုဟ်(Moon) , Venus
တနလာင်္ဂြိုဟ် သည်ပြောင်းလဲတတ်ပြီး အတက်အကျ ရှိပါသည်။မသိစိတ်နှင့် ဆက်နွယ်မှု ရှိသည်။
ကဒ်အတည့်
- အပြင်ပန်း ကြည့်ရုံဖြင့် မသိနိုင်။အတွင်းကျကျ ဝင်ကြည့် မှ သိနိုင်မည်။လှုပ်ရှားမှုသည် ပြင်ပတွင် မရှိ အတွင်းမှာသာရှိသည်။ကန့်လန့်ကာနောက်ကွယ်မှ လှုပ်ရှားမှု၊အတိတ်ဘဝ မှ ကုသိုလ်အကျိုးဆက် ကို သတိပြုပါ။
- ဘဝအတွက် မှန်ကန်သော ပုဂ္ဂိုလ်ကို ရွေးချယ်တတ်ရန် ဂရုစိုက်ပါ။အိပ်မက်များ က မှန်ကန်တတ်ပါသည်။
- အကြံဥာဏ်များ၊လုပ်ဖို့ ကြံစည်ထားသည် များ ကို ခဏသိမ်းထားပါ။သူများစကား နားမယောင်ပါ နဲ့။
- ဆုံးဖြတ်ချက် ချရမယ့် ကိစ္စနှစ်ခု ရင်ဆိုင်ရမယ်။သင့် မှာ ရွေးစရာ နှစ်လမ်း ရှိပါတယ်။
ကဒ်ပြောင်းပြန်
- မျက်နှာကြည့်ရုံနှင့် စိတ်ဓာတ် သိနိုင်ပါတယ်။
- ဖုံးကွယ်မှုမရှိ၊ပွင့်လင်း၏။အပြောအလုပ် ညီ၏။
- စိတ်ဓာတ်အားနည်း ပြီး သူတစ်ပါး အားကိုးတတ်၏။လူတကာကိုမိမိကဲ့သို့ သဘောထားတတ်၍ လူယုံသတ်ခြင်း ခံရတတ်၏။
သမာဓိထူထောင်ရန်
တရားထိုင်ပါ။မယ်တော်တစ်ပါးပါး ၏ စောင့်ရှောက်မှုကို ယုံယုံကြည်ကြည် ခံယူပါ။မယ်တော်တို့နှင့် အဆက်အသွယ် ရလာပါက ကိုယ်လမ်း ကိုယ် သိလာပါမယ်။
- ရာသီခွင် - Virgo , Cancer
- ဟီဘရူးအက္ခရာ - Ginel
- ဝိသေသလက္ခဏာ - ပူးပေါင်းဆောင်ရွက်မှု
- ကားချပ်အဓိပ္ပါယ် - လျှို့ဝှက်သော အကျိုးသက်ရောက်မှု
- ဆက်စပ်အရောင် - အပြာ
Comments
Post a Comment