1.The Magician

 1.The Magician
""""""""""""""""""""""""""""""""""""""""""""""
နံပါတ် ၀ က သူရူးတစ်ယောက် ရောက်ခြင်ရာရောက် ၊ ပေါက်ခြင်ရာပေါက် လျှောက်သွားနေ ခဲ့ချိန်ကုန်လွန် ခဲ့ပြီး လမ်းဆုံလမ်းခွဲ ရောက်တဲ့ အချိန်၊ရွေးချယ်စရာ တွေ ရှိလာတဲ့ အချိန် ကို နံပါတ် ၁ -မှော်ဆရာ " က ကိုယ်စားပြုပါတယ်။"
မျက်စိရှေ့မှောက်မှာ မီး၊ရေ၊လေ၊မြေ ဓာတ်ကြီး လေးပါး ကိုယ်စားပြုတဲ့ တုတ်၊ခွက်၊ဓား၊ကြယ် ရှိ နေပြီး လက်တစ်ဖက် က ကောင်းကင် ကို ညွှန်ပြ နေပြီး အခြားလက်တစ်ဖက် က မြေကြီး ကို ညွှန်ပြနေတဲ့ အနေအထား မှာ ရှိနေတဲ့ အတွက် ရွေးချယ်မှု " ဟာ ကိုယ်နဲ့သာ ဆိုင်ကြောင်း ဖော်ပြနေပါတယ်။"

ရာသီခွင် " - Aries"
စိုးမိုးဂြိုဟ် " - Mercury"

ကားချပ်အတည့်

• လမ်းမှန်ကို ဦးတည်နေတယ့် အချိန်ဖြစ်ပြီး ကိုယ်စွမ်းအား ဉာဏ်စွမ်းအား ရှိသမျှ သုံးပါ။လိုတာ
ရမယ့် အချိန်ပါ။ကိုယ့် ပန်းတိုင် အရောက် လျှောက်ရမယ့် အချိန်ပါ။"
• ကိုယ့် စွမ်းရည် အပြည့် သုံးရမယ့် အလုပ်အသစ် ၊အခွင့်ရေးအသစ် ရလိမ့်မယ်။"
• တခြားသူ ထံမှ အကြံဥာဏ်၊အကူအညီ ရလိမ့်မယ်။"
• ပညာရပ် အသစ် တွေသင်ရမယ်။"
• လူများများ နဲ့ ပေါင်းသင်းရမည့် အချိန်ဖြစ်ပြီး အလုပ်အကိုင်တွေ မှာ အခက်အခဲ ရှိရင် ကျွမ်းကျင်သူ
ထံမှ အကူအညီတောင်းရင် ရပါတယ်။"
•" ကိုယ့် မသိစိတ် ကပြော တာ ယုံပါ။"
တော်ဝင်ခရီးရှည် တားရော့ခရီးသည်

ကားချပ်ပြောင်းပြန်

• အာဏာ အလွဲသုံးစားလုပ်ခြင်း၊ကိုယ်ကျိုးအတ္တရှေ့တန်းတင် ခြင်း။ တွေ့ကြုံနေရတာတွေ က
ဖုန်းကွယ်ထားတာတွေ ရှိတယ်။"
• သတိထားပါ ။ အရေးကြီး တဲ့ ကိစ္စရပ်တွေ မှာ လိုချင်တဲ့ အဖြေထွက်အောင် ပြောင်းလဲမယ့်သူတွေ၊
ကိုယ့်ကို အပြစ်ဖို့ မယ့်သူတွေ ရှိတယ်။"
• လုပ်နေတာတွေ မဖြစ်ရင် ကိုယ့်ကိုကိုယ် ပြန်စစ်ပါ။"
• လိုအပ်တဲ့ အရည်အချင်း၊အတွေ့အကြုံ၊ယုံကြည်မှု၊ဦးဆောင်နိုင်စွမ်း ကင်းမဲ့မှု၊
ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းမှု တို့ကြောင့် အခက်အခဲတွေ ကြုံနေရပြီး စိတ်ဓာတ်ကျနေတယ်။"
• ကတိပေးတာ မလွယ်ပါနဲ့။စာရွက်စာတန်း တွေ လက်မှတ်ထိုးတာ တတ်နိုင်ရင် မလုပ်ပါနဲ့။နောက်
လေးပတ် မှ ခြောက်ပတ် အတွင်း ပိုက်ဆံ နှင့် ပတ်သက်သော ကိစ္စတွေမှာ မပါဝင်ပါနဲ့။"
•ကိုယ့် ကိုကိုယ် ယုံကြည်မှု လွန်ကဲနေပြီး သူများကိုလည်း အဲဒီ စိတ်နဲ့ လမ်းမှားရောက်စေပါတယ်။"
တော်ဝင်ခရီးရှည် တားရော့ခရီးသည်




Comments

Popular posts from this blog

4.The Emperor

3.The Empress

0.The Fool