3.The Empress
Key 3- The Empress
ကဒ်နံပါတ်-၃ ။ ဧကရီ
သဘာဝတရား ရဲ့ အုပ်စိုးသူ၊အကာအကွယ် မဲ့ သတ္တဝါ ငယ်တို့ အား ကာကွယ်ပေးသူ မြေကမ္ဘ္ဘာ မိခင် ဒီမိတာ က ဧကရီကဒ် ကို ကိုယ်စားပြုပါတယ်။ ဂရိ ဒဏ္ဏရီ အဆိုအရ ဒီမိတာ ဟာကမ္ဘ္ဘာမြေ မှာ နှစ်တိုင်း ကောက်ပဲသီးနှံ တွေပေါများစေအောင် စောင့်ရှောက် တဲ့အတွက် လူသားတွေက ကျေးဇူးဆပ် တဲ့အနေနဲ့ သူ့ကို နွေနှောင်း မှာ ပြန်ပူဇော်လေ့ရှိကြတယ်။ဒီမိတာ က သဘာဝရဲ့ စက်ဝန်းဖြစ်စဉ် နဲ့ ရှင်သန်ကြီးထွား တဲ့ အရာအားလုံး ရဲ့ အသက် ကို ပိုင်စိုး စေစားပါတယ်။ဘဝအသစ်တွေ မွေးဖွားခြင်းနဲ့ မင်္ဂလာ အခမ်းအနားရဲ့ ဓလေ့ထုံးတမ်း တွေကို ကောင်းချီးပေးသူပါ။သူက ယောင်္ကကျား သား တွေကို မြေယာထွန်ယက် စိုက်ပျိုးနည်း နဲ့ အမျိုးသမီးတွေကို ဂျုံကြိတ် နည်း နဲ့ ပေါင်မုန့်ဖုတ်နည်း တွေကို သင်ပေး ခဲ့တယ်လို့ ဆိုကြတယ်။ ဒီမိတာ နဲ့ သူ့သမီး ပါစီဖုန်း ဟာ အငြင်းအခုန် တွေ နဲ့ ရှုပ်ထွေးလှတဲ့ လောက ကနေဝေးရာမှာ နေကြပေမယ့် တစ်နေ့မှာ ငြိမ်းချမ်းပျော်ရွှင် တဲ့ သားအမိနှစ်ယောက် ရဲ့ ဘဝ ဟာရုတ်ခြင်းပြောင်းလဲ သွားခဲ့တယ်။တစ်ရက် တော့ ပါစီဖုန်း က လမ်းလျှောက်ထွက် ရာ ကနေ ပြန်မလာတော့ဘူး။ သောကလောင်မျိုက် နေတဲ့ ဒီမိတာ က သမီးကို နေရာအနှံ ရှာပေမယ့် ပါစီဖုန်းက ပျောက်ခြင်းမလှ ပျောက်နေရဲ့။မျှော်လင့်ချက်မဲ့ နဲ့ နှစ်ပေါင်းအတော်ကြာ လျှောက်သွားနေတဲ့ ဒီမိတာ ဆီကို သမီးရဲ့ သတင်းစကား နောက်ဆုံးမှာရောက်လို့လာပါတယ်။မြေအောက်ကမ္ဘ္ဘာ အမှောင်ထုရဲ့ သခင် ဟေ့ဒိစ် က အပျိုစင် ပါစီဖုန်း ကိုစွဲလန်း လို့ မြေအောက်ကမ္ဘ္ဘာ ကနေ သူ့ရဲ့ မြင်းနက်နှစ်ကောင်ဆွဲ စစ်ရထား နဲ့ ထွက်လာပြီး အတင်းအကြပ် ပြန်ပေးဆွဲသွားခဲ့တယ်။ ဒေါသထွက်နေတဲ့ ဒီမိတာ ကြောင့် ကမ္ဘ္ဘာမြေ ရဲ့ ပေါကြွယ်ဝမှု များဟာ ပျောက်ဆုံးလာခဲ့တယ်။ပါစီဖုန်း တောင် မြေအောက်ကမ္ဘ္ဘာရဲ့ သစ်သီးဖြစ်တဲ့ သလဲသီး ကို လိုလိုချင်ချင် သုံးဆောင်ခဲ့ပြီး ဟေ့ဒိစ် က သူ့ကို မိဘုရားအရာ မှာထားပြီး ချီးမြှောက်ခဲ့ပေမယ့် ဒီအပြောင်းအလဲ ကို လက်မခံနိုင် တဲ့ ဒီမိတာကြောင့် လူသားမျိုးနွယ် တစ်ခုလုံး အစားအစာ ပြတ် အငတ်ဘေးရောက်မယ့် ကိန်းဆိုက်လာခဲ့တယ်။နောက်ဆုံး ဟားမိစ် ရဲ့ ဖြန်ဖြေပေးမှုကြောင့် ပါစီဖုန်း ဟာ သူနဲ့ ကိုးလ နေရပြီး ကျန်တဲ့ သုံးလ မှာ ဟေးဒိစ် နဲ့ သွားနေပေးရတယ်။ဒါပေမယ့် ပါစီဖုန်း မရှိတဲ့ သုံးလတိုင်းမှာ ပူဆွေးနေတဲ့ မိခင်သောက ကြောင့်ကမ္ဘ္ဘာမြေ တစ်ခုလုံး အသက်မဲ့ အေးစက် လို့၊ ပါစီဖုန်း ပြန်လာခဲ့ ရင်တော့ နွေဦး က သူနဲ့အတူ ရောက်လို့လာခဲ့ပါတော့တယ်။
တားရော့ ရှင်းခန်း
ဖွင့်ဆိုချက်များ
ဆိုခဲ့တဲ့ အတိုင်း ဒီကဒ်ဟာ အလင်း နဲ့ အမှောင် ရောထွေးနေတဲ့ကဒ်ဖြစ်ပါတယ်။ထူးဆန်းတာက ဒီကဒ်ကျရင်
အိမ်ထောင်ကျခြင်း၊မီးဖွားခြင်း၊ကလေးမွေးစားခြင်း တွေဖြစ်တတ်ပါတယ်။အကောင်း မှ အဆိုး၊အဆိုး မှ အကောင်း ပြောင်းလဲစေနိုင်ပါတယ်။
တားရော့ နှင့် နက္ခတ်ဗေဒ ဆက်နွယ်မှု
မြေ နဲ့ လေဓာတ်ကြီးစိုးပြီး Venus ဂြိုလ် လွှမ်းမိုးမှုအောက် မှာရှိတဲ့ အတွက် Taurus နဲ့ Libra ရာသီခွင် နှစ်ခုစလုံး နဲ့ ဆက်နွယ်မှု ရှိပါတယ်။
ကဒ်အတည့်
- ကိုယ်ဝန်လွယ်ခြင်း၊ကောက်ပဲသီးနှံဖြစ်ထွန်းခြင်း၊မင်္ဂလာပြုခြင်း။
- ကျန်းမာရေး၊သားရေးသမီးရေး၊လုပ်ငန်းကိုင်ငန်းများ အားလုံးကောင်းသည်။
- လုပ်ခဲ့သမျှ အကြိုးခံစားရမည်။လုပ်ငန်းအသစ် စမယ်ဆိုရင် သိပ်ကောင်းပါတယ်။ကိုယ့် အတွင်းစိတ် က ပြောတဲ့အတိုင်း လုပ်ပါ။
- အကယ်၍ လစန္ဒာ ကဒ်(The Moon) နှင့် ယှဉ်တွဲ ပေါ်ပါ က ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်း ဖြစ်နိုင်ပါတယ်။
ကဒ်ပြောင်းပြန်
- စွမ်းအားစိုက်ထုတ် သမျှ အလဟဿ ဖြစ်နေမည်။အကျိုးမဲ့ လှုပ်ရှားမှုများကြောင့် အိမ်တွင်းရေးရာ ဝင်ငွေပါ ထိခိုက်မည်။
- ငွေကြေးသုံးစွဲ မှု ဆင်ခြင်ပါ။ငွေကြေး မြှုပ်နှံခြင်း၊လုပ်ငန်း အသစ်စခြင်း၊ကလေးယူဖို့ မသင့်သေးပါ။နောက်သုံးလ လောက် စောင့်သင့်ပါတယ်။
- အိမ်တွင်းရေး ကတောက်ကဆ ဖြစ်နေပြီး ကိုယ်ဝန်ဆောင် ထားရင် သတိထားပါ ပျက်ကျနိုင် ပါတယ်။
ရာသီခွင် -libra
စိုးမိုးဂြိုဟ် - Venus
ဟီဘရူးအက္ခရာ - Daleth
ဝိသေသလက္ခဏာ - မိမိကိုယ် မိမိထုတ်ဖော်မှု
ကားချပ်အဓိပ္ပါယ် - ပစ္စည်းဥစ္စာ ပေါများခြင်း၊ဖြစ်ထွန်းအောင်မြင်ခြင်း
ဆက်စပ်အရောင် - လိမ္မော်
Comments
Post a Comment