6.The Lovers
Key 6- The lovers
နတ်ဘုရားမ သုံးပါး ဖြစ်တဲ့ ဟီရာ(Hera),အဖရိုဒိုက်တိ(Aphrodite),အသန်းနိ(Athene) တို့ ရဲ့အလှ ကို ဇုစ် တာဝန်ပေး လို့ ဆုံးဖြတ်ပေးခဲ့ ရတဲ့ ထရိုဂျန်(Trojan) ရဲ့ မင်းသား၊သူ့ကြောင့် ထရိုဂျန် ကျဆုံးမယ်လို့ နိမိတ်ဖတ်ခံခဲ့ ရသူ မင်းသား ပဲရစ် က ဒီကားချပ် ကို ကိုယ်စားပြုပါတယ်။အဲဒိ နိမိတ်ကြောင့် ထွိုင် ရဲ့ ဘုရင် ပရိရမ်(Priam) က သူ့ကို တောင်ကုန်းပေါ် က လှိမ့်ချသတ်ပေမယ့် သိုးထိန်းသမား ကယ်ခဲ့လို့ အသက်ရှင်ခဲ့ပါတယ်။ရုပ်ရည်ချောမောပြီး မြာပွေသူလည်း ဖြစ်ပါတယ်။
ဂရိနတ် တို့ပျော်စံရာ အိုလံပတ် တောင်ပေါ်မှာ နတ်ဘုရားမ ၃ ပါးကြား အလှ နဲ့ ပတ်သက်ပြီး အငြင်းပွားတော့ ဇုစ် က ပဲရစ် ကို သူ့အတွေ့အကြုံ တွေကြောင့် အလှဆုံးကို ရွေးခိုင်းလေရဲ့။ဟားမိစ်(Hermes) ကို သွားပြော ခိုင်းတော့ ပဲရစ် ဟာ တစ်ယောက်ကို ရွေးရင် ကျန် နတ်ဘုရားမ နှစ်ပါး စိတ်ကွက်မှာ သိလို့ ပထမတော့ ငြင်းပေမယ့် ဇုစ် ရဲ့ အမျက် ကို ပိုကြောက်ရလို့ လက်ခံခဲ့တယ်။အလှဆုံး ကို ရွေးရခက်တော့ ပန်းသီးတစ်လုံး ကို သုံးခြမ်းခြမ်း ဖို့ ပြောပေမဲ့ ဟားမိစ် က လက်မခံခဲ့ပါဘူး။
နောက်ဆုံးတော့ နတ်ဘုရားမ သုံးပါးလုံး သူ့ရှေ့ရောက်လာတဲ့အခါ ဟီရာ က သူ့ကို ရွေးရင် တစ်ကမ္ဘာလုံး အုပ်စိုးခွင့်ပေးမည် ၊ အသန်းနိ က အရဲရင့်ဆုံး စွမ်းအားအကြီးဆုံး စစ်သည် ဖြစ်စေမည်၊အဖရိုဒိုက်တိ က ကမ္ဘာပါ် မှာ အလှဆုံး အမျိုးသမီး ကို သူ့ကြင်ယာတော် ဖြစ်စေရမယ်လို့ အသီးသီး ကတိပေးကြသတဲ့။ငယ်ရွယ်တဲ့ ပဲရစ် ဟာ အဖရိုဒိုက်တိ ရဲ့ ကမ်းလှမ်းချက်ကို မဆိုင်းမတွ လက်ခံလိုက်တော့ အပြန်အလှန် အနေနဲ့ သူများ မယား ၊ နာမည်ကျော် တဲ့ စပါတာ ရဲ့ မိဖုရား ဟယ်လန်(Helen) ကို ရခဲ့ပါတယ်။ဟီရာ နဲ့ အသန်းနိ ဟာ သူ့ဆုံးဖြတ်ချက် ကို မဆန့်ကျင် ဘဲ ရယ်ရယ်ပြုံးပြုံး နဲ့ လက်ခြင်းချိတ် လို့ လှည့်ထွက် သွားပေမယ့် ထွိုင် ကျဆုံးစေဖို့ အကြံအပြည့်နဲ့ပေါ့။အဲဒိနောက် ထရိုဂျန်စစ်မီး ဟာ အကြီးအကျယ် လောင်ကျွမ်းတော့ပါတယ်။ဒီစစ်မီးကြောင့် မြို့တော် ဟာ ပြာပုံအတိရောက်ခဲ့ရပြီး တဘောင် ဟာမှန်ကန် ခဲ့တော့တယ်။
တားရော့ ရှင်းခန်း
ရာသီခွင်-Libra ♎ , Gemini ♊
ဂြိုဟ် - Mercury ☿, Venus ♀
ဆက်စပ်အရောင် - Pink
ကဒ်အတည့်
- အချစ်သစ် တွေ့မယ်။လက်ရှိ အဆင်မပြေ ရင်လည်း စိတ်မပူပါနဲ့
- ရွေးချယ်စရာ နှစ်ခု တွေ့မယ်။သေချာ ရွေးဖို့ လိုပါတယ်။
- ပြဿ နာတွေ ရှိရင် ပြေလည်လိမ့်မယ်။
- ပြောင်းစရာ ရှိရင် ပြောင်းလိုက် ၊ နောက်တွန့်မနေနဲ့။
ကဒ်ပြောင်းပြန်
- အလောတကြီး ဆုံးဖြတ် ရင် မှားလိမ့်မယ်။
- သုံးပွင့်ဆိုင်အချစ်ရေး မျိုး၊ ဖုတ်ပုူမီးတိုက် လက်ထပ်ရတာမျိုး ကြုံရမယ်။
- သစ္စာမဲ့ခြင်း၊အိမ်ထောင်ရေး ၌ တစ်ဖက်ဆွေမျိုးများ မှ ကြားဝင် နှောင့်ယှက်တတ်သည်။သားသမီးများနှင့် စကားများမည်။ဖြစ်နိုင်သည် မှာ မောင်နှမ (သို့) ညီအစ်ကို သားချင်းတစ်ဦးဦး (သို့) ဆွေမျိုးတစ်ဦးသည် မေးမြန်းသူ၏ အိမ်တွင် နေထိုင်မှု ရှိနိုင်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေပါမည်။
- ဟိုဟာရွေးရကောင်းနိုး ၊ ဒီဟာရွေးရ ကောင်းနိုး နှင့် အကျိုးခံစားမှု မရဘဲ အချိန်တွေ ကုန်သွားမည်။
Comments
Post a Comment