5.The Hierophant
Key 5- The Hierophant
ကဒ်နံပါတ်-၅။ ။ ဘုန်းတော်ကြီး
ဆန့်ထော(Centaur) တို့၏ ဘုရင် ခီရွန် (Chiron) က ဘုန်းတော်ကြီး ကားချပ် ကို ကိုယ်စားပြုပါတယ်။ စစ်နတ်ဘုရား အေးရိစ်(Ares) ၏ သားတော် အစ်စီရန်(Ixion) နှင့် ဇုစ် ဖန်ဆင်းသော တိမ်တိုက်တို့ မှ မွေးဖွားသော ခီရွန် ဟာ နေနတ်ဘုရား အပိုလို နှင့် လနတ်ဘုရား အားတမစ်(Artemis) တို့၏ သင်ကြားပေးမှုကြောင့် ဥာဏ်ပညာ ကြီးမား၍ စိတ်သဘောထား ကြီးမြတ် မှုကြောင့် မင်းသားငယ် တို့၏ ဒိသာပါမောက္ခ အဖြစ် ခန့်အပ်ခြင်းခံရပါတယ်။
ဆေးဘက်ဝင် အပင်တို့ရဲ့ လျှို့ဝှက်ချက်များ ကို သိနားလည်သော သမားတော်ကြီးလည်းဖြစ်ပါတယ်။ဒါပေမယ့် ကိုယ် ကိုကိုယ် တော့ မကုနိုင်ပါဘူး။တစ်နေ့တော့ သူ့သူငယ်ချင်း ဟာခိလိ(Heracles) လာလည်ခဲ့တယ်။ ဖြစ်ချင်တော့ ဟာခိလိ က သူ့ဆီ မလာခင် အဆိပ်ပြင်းတဲ့ ခေါင်းကိုးလုံး မကောင်းဆိုးဝါး ဟိုက်ဒွါ(Hydra) ကို သတ်ပြီး လာတဲ့ အတွက် ဟာခိလိဟာ ဟိုက်ဒွါ ရဲ့ သွေးစွန်းနေတဲ့ မြှားတံ နဲ့ ခီရွန် ကို မတော်တဆ ပွတ်မိပြီး သေရာပါ ဒဏ်ရာ ဖြစ်စေခဲ့တယ်။ ခီရွန် ဟာ မသေမျိုးဖြစ်ပေမယ့် ဘဝ တစ်လျှောက်လုံး နာကျင်မှု တွေနဲ့ ရှင်သန်ခဲ့ ရတယ်။
တားရော့ နှင့် နက္ခတ်ဗေဒ ဆက်နွယ်မှု
ဘုန်းတော်ကြီးကားချပ် = ကြာသာပတေးဂြိုဟ် (jupiter)
ကြာသာပတေးဂြိုဟ် သည် ကြီးမားမြင့်မြတ် ပြီး ရိုးသားမှု ၊ စိတ်စေတနာ ကောင်းမှု ၊ စာနာထောက်ထား မှု စသည့် ဂုဏ်များ ပါရှိသည်။ဆုံးဖြတ်ချက် ပြတ်သားမှုရှိကာ ဦးဆောင်မှုပေးပါသည်။အင်္ဂါဂြိုဟ် သည် ကြာသာပတေးဂြိုဟ် ကိုဂြိုဟ်အမြင်ကောင်းပါက ရည်မှန်းချက်ဆန္ဒမြင့်မားတတ်ပါသည်။
ရာသီခွင်-Taurus ♉ , Aries ♈
ဂြိုဟ် - Jupiter ♃
ဆက်စပ်အရောင် - Turquoise (greenish-blue color)
i Ching - ䷑ Decay
i Ching - ䷑ Decay
ကဒ်အတည့်
- သက်ကြီးဝါကြီး များ ထံမှ အကြံဥာဏ်၊အကူအညီ ရမည်။
- သွားချင်တဲ့ လမ်း ၊ လုပ်ချင် တဲ့ အလုပ် ကို ရွေးသင့်နေပြိီ။ကုမဏီ ကြီးတွေ နဲ့ သင့်တော်ပါတယ်။
- သတိမေ့လျှော့ ပေါ့ဆလို့ အခြေနေတွေ ရှုပ်ထွေးနေတယ်။
- ကုမဏ္ဏီ ဆိုရင် အရှုပ်တွေ၊အပုပ်တွေ ဖုန်းနေရတယ်။
- အချစ်ရေး ရှုပ်နေတယ်။အမျိုးသားဆိုရင် ဟော့ဟော့ရမ်းရမ်း နေပြီး အိမ်က မိသားစု မပျော်ပါ။မုဆိုးမ ဆိုရင် လူငယ် နဲ့ ဇာတ်လမ်းဖြစ်ပြီး လူလွတ်ဆိုရင် နယ်ကျွံ တတ်ပြီး ယူဖို့ အခြေအနေ မပေးသေးပါ။
ကဒ်ပြောင်းပြန်
- အလုပ်အသစ်၊ဘဝအသစ် ကို ရဲရဲဝင့်ဝင့် ရင်ဆိုင် မည့်သူအား ရည်ညွှန်းပါတယ်။
- စီစဉ်ထားတဲ့ အတိုင်း လုပ်ပါ။ဘာကို မှ မကြောက်ပါနဲ့။
- အပြောင်းအလဲ တွေကို မကြောက်ပါနဲ့။ရင်ဆိုင် လိုက်ပါ၊ကောင်းဖို့ ဖြစ်လာတာပါ။
- သူများပေးတဲ့ အကြံဥာဏ် တွေ က အခုအချိန် မှာ ကိုယ့်အတွက် သိပ်မသင့်လျှော် ပါဘူး။သူများ ကိုလည်း အကြံပေး ရင်လည်း ချော်နေတတ်ပါတယ်။
- ဆိတ်ဆိတ် နေတာ အကောင်းဆုံး ပါ။
Comments
Post a Comment