7.The Chariot

Key 7- The Chariot ဒီကားချပ် ကိုတော့ မိဖုရားခေါင်ကြီး ဟီရာ မှ အဖိုမျိုးစေ့ မပါဘဲ မွေးဖွားလာသော စစ်ပွဲ တို့၏ နတ်ဘုရား အေးရိစ်(Ares) က ကိုယ်စားပြုပါတယ်။အကြမ်းဖက်ခြင်း၊ကြောက်ရွှံ့စေခြင်း၊ တို့ဖြင့် စစ်ပွဲများအား အောင်နိုင်စေပြီး ပဠိပက္ခများ ၊သွေးမြေကျစေခြင်း များကြောင့် ဇုစ် နှင့် အခြား စစ်ပွဲ နတ်ဘုရားမ အသန်းနိစ် တို့ က အေးရိစ် ကို ကြိုက်နှစ်သက်ခြင်း မရှိပါဘူး။ဒါပေမယ့် အချစ် နတ်ဘုရားမ အဖရိုဒိုက်တိ ကတော့ သူ့ ရဲ့ အေးတိအေးစက်နိုင်သော ခင်ပွန်းဖြစ်သူ ပန်းပဲ နတ်ဘုရား ဟက်ဆက်စတစ်(Hephaistos) ကို စိတ်ကုန်ပြီး အေးရိစ် ကို နှစ်သက်လေရဲ့။အဲဒိ ခံစားချက် ဟာ မကြာခင်မှာ သူတို့နှစ်ဦးကြား ဇာတ်လမ်းဖြစ်လာခဲ့တယ်။ ဟက်ဆက်စတစ် က သူ့မိန်းမရဲ့ ဖောက်ပြန်နေတယ့် ဇာတ်လမ်း ကို သိသွားတဲ့ အခါ ဖျက်စီးလို့လည်း မရ၊မြင်လည်းမမြင် နိုင်တယ့် ပိုက်ကွန်တစ်ခု ကို လျှို့ဝှက်ပြုလုပ်ပြီး သူတို့နှစ်ဦး မြူးထူးနေကြ အိပ်ရာ အထက်မှာ ထောင်ထားခဲ့တယ်။အေးရိစ်တို့ စုံတွဲ မြူးထူးပြီး အိပ်မောကျ သွားတဲ့ အချိန်ကြမှ ပိုက်ကွန်နဲ့ အုပ်ဖမ်းပြီး ဟက်ဆက်စတစ် ဟာ နတ်ဘုရား အားလုံးကို သက်သေ အဖြစ် ဆင့်ခေါ်ပြီး နှစ်ဦးစလုံး ကို အရှက်ရစေတယ်။ဒါပေမယ...