Posts

Showing posts from 2017

7.The Chariot

Image
Key 7- The  Chariot  ဒီကားချပ် ကိုတော့ မိဖုရားခေါင်ကြီး ဟီရာ မှ အဖိုမျိုးစေ့ မပါဘဲ မွေးဖွားလာသော စစ်ပွဲ တို့၏ နတ်ဘုရား အေးရိစ်(Ares) က ကိုယ်စားပြုပါတယ်။အကြမ်းဖက်ခြင်း၊ကြောက်ရွှံ့စေခြင်း၊ တို့ဖြင့် စစ်ပွဲများအား အောင်နိုင်စေပြီး ပဠိပက္ခများ ၊သွေးမြေကျစေခြင်း များကြောင့် ဇုစ် နှင့် အခြား စစ်ပွဲ နတ်ဘုရားမ အသန်းနိစ် တို့ က အေးရိစ် ကို ကြိုက်နှစ်သက်ခြင်း မရှိပါဘူး။ဒါပေမယ့် အချစ် နတ်ဘုရားမ အဖရိုဒိုက်တိ ကတော့ သူ့ ရဲ့ အေးတိအေးစက်နိုင်သော ခင်ပွန်းဖြစ်သူ ပန်းပဲ နတ်ဘုရား ဟက်ဆက်စတစ်(Hephaistos) ကို စိတ်ကုန်ပြီး အေးရိစ် ကို နှစ်သက်လေရဲ့။အဲဒိ ခံစားချက် ဟာ မကြာခင်မှာ သူတို့နှစ်ဦးကြား ဇာတ်လမ်းဖြစ်လာခဲ့တယ်။ ဟက်ဆက်စတစ် က သူ့မိန်းမရဲ့ ဖောက်ပြန်နေတယ့် ဇာတ်လမ်း ကို သိသွားတဲ့ အခါ ဖျက်စီးလို့လည်း မရ၊မြင်လည်းမမြင် နိုင်တယ့် ပိုက်ကွန်တစ်ခု ကို လျှို့ဝှက်ပြုလုပ်ပြီး သူတို့နှစ်ဦး မြူးထူးနေကြ အိပ်ရာ အထက်မှာ ထောင်ထားခဲ့တယ်။အေးရိစ်တို့ စုံတွဲ မြူးထူးပြီး အိပ်မောကျ သွားတဲ့ အချိန်ကြမှ ပိုက်ကွန်နဲ့ အုပ်ဖမ်းပြီး ဟက်ဆက်စတစ် ဟာ နတ်ဘုရား အားလုံးကို သက်သေ အဖြစ် ဆင့်ခေါ်ပြီး နှစ်ဦးစလုံး ကို အရှက်ရစေတယ်။ဒါပေမယ...

6.The Lovers

Image
Key 6- The lovers  နတ်ဘုရားမ သုံးပါး ဖြစ်တဲ့ ဟီရာ(Hera),အဖရိုဒိုက်တိ(Aphrodite),အသန်းနိ(Athene) တို့ ရဲ့အလှ ကို ဇုစ် တာဝန်ပေး လို့ ဆုံးဖြတ်ပေးခဲ့ ရတဲ့ ထရိုဂျန်(Trojan) ရဲ့ မင်းသား၊သူ့ကြောင့် ထရိုဂျန် ကျဆုံးမယ်လို့ နိမိတ်ဖတ်ခံခဲ့ ရသူ မင်းသား ပဲရစ် က ဒီကားချပ် ကို ကိုယ်စားပြုပါတယ်။အဲဒိ နိမိတ်ကြောင့် ထွိုင် ရဲ့ ဘုရင် ပရိရမ်(Priam) က သူ့ကို တောင်ကုန်းပေါ် က လှိမ့်ချသတ်ပေမယ့် သိုးထိန်းသမား ကယ်ခဲ့လို့ အသက်ရှင်ခဲ့ပါတယ်။ရုပ်ရည်ချောမောပြီး မြာပွေသူလည်း ဖြစ်ပါတယ်။ ဂရိနတ် တို့ပျော်စံရာ အိုလံပတ် တောင်ပေါ်မှာ နတ်ဘုရားမ ၃ ပါးကြား အလှ နဲ့ ပတ်သက်ပြီး အငြင်းပွားတော့ ဇုစ် က ပဲရစ် ကို သူ့အတွေ့အကြုံ တွေကြောင့် အလှဆုံးကို ရွေးခိုင်းလေရဲ့။ဟားမိစ်(Hermes) ကို သွားပြော ခိုင်းတော့ ပဲရစ် ဟာ တစ်ယောက်ကို ရွေးရင် ကျန် နတ်ဘုရားမ နှစ်ပါး စိတ်ကွက်မှာ သိလို့ ပထမတော့ ငြင်းပေမယ့် ဇုစ် ရဲ့ အမျက် ကို ပိုကြောက်ရလို့ လက်ခံခဲ့တယ်။အလှဆုံး ကို ရွေးရခက်တော့ ပန်းသီးတစ်လုံး ကို သုံးခြမ်းခြမ်း ဖို့ ပြောပေမဲ့ ဟားမိစ် က လက်မခံခဲ့ပါဘူး။ နောက်ဆုံးတော့ နတ်ဘုရားမ သုံးပါးလုံး သူ့ရှေ့ရောက်လာတဲ့အခါ ဟီရာ က သူ့ကို ရွေးရင် တစ်ကမ္ဘာလ...

5.The Hierophant

Image
Key 5- The Hierophant  ကဒ်နံပါတ်-၅။ ။ ဘုန်းတော်ကြီး ဆန့်ထော(Centaur) တို့၏ ဘုရင် ခီရွန် (Chiron) က ဘုန်းတော်ကြီး ကားချပ် ကို ကိုယ်စားပြုပါတယ်။ စစ်နတ်ဘုရား အေးရိစ်(Ares) ၏ သားတော် အစ်စီရန်(Ixion) နှင့် ဇုစ် ဖန်ဆင်းသော တိမ်တိုက်တို့ မှ မွေးဖွားသော ခီရွန် ဟာ နေနတ်ဘုရား အပိုလို နှင့် လနတ်ဘုရား အားတမစ်(Artemis) တို့၏ သင်ကြားပေးမှုကြောင့် ဥာဏ်ပညာ ကြီးမား၍ စိတ်သဘောထား ကြီးမြတ် မှုကြောင့် မင်းသားငယ် တို့၏ ဒိသာပါမောက္ခ အဖြစ် ခန့်အပ်ခြင်းခံရပါတယ်။ ဆေးဘက်ဝင် အပင်တို့ရဲ့ လျှို့ဝှက်ချက်များ ကို သိနားလည်သော သမားတော်ကြီးလည်းဖြစ်ပါတယ်။ဒါပေမယ့် ကိုယ် ကိုကိုယ် တော့ မကုနိုင်ပါဘူး။တစ်နေ့တော့ သူ့သူငယ်ချင်း ဟာခိလိ(Heracles) လာလည်ခဲ့တယ်။ ဖြစ်ချင်တော့ ဟာခိလိ က သူ့ဆီ မလာခင် အဆိပ်ပြင်းတဲ့ ခေါင်းကိုးလုံး မကောင်းဆိုးဝါး ဟိုက်ဒွါ(Hydra) ကို သတ်ပြီး လာတဲ့ အတွက် ဟာခိလိဟာ ဟိုက်ဒွါ ရဲ့ သွေးစွန်းနေတဲ့ မြှားတံ နဲ့ ခီရွန် ကို မတော်တဆ ပွတ်မိပြီး သေရာပါ ဒဏ်ရာ ဖြစ်စေခဲ့တယ်။ ခီရွန် ဟာ မသေမျိုးဖြစ်ပေမယ့် ဘဝ တစ်လျှောက်လုံး နာကျင်မှု တွေနဲ့ ရှင်သန်ခဲ့ ရတယ်။ တားရော့ နှင့် နက္ခတ်ဗေဒ ဆက်နွယ်မှု ဘုန်း...

4.The Emperor

Image
Key 4- The  Emperor ကဒ်နံပါတ်-၄။ ။ ဧကရာဇ်  ကမ္ဘာမြေ ကိုဖန်ဆင်းသူ၊နတ်ဘုရား တို့ရဲ့ ဧကရာဇ်၊လူသား နဲ့ နတ်ဘုရား တို့ကို ပိုင်စိုးသူ၊ တိုင်တန် ခရိုးနော့ နဲ့ ရိဟာ တို့ရဲ အငယ်ဆုံးသား ဇုစ် က ဒီကဒ် ကို ကိုယ်စားပြုပါတယ်။ရှေ့ဖြစ်ဟောကိန်း က ခရိုးနော့ ကို သူသားတွေ ထဲက တစ်ယောက် က နန်းချလိမ့်မယ် လို့ နိမိတ်ဖတ်ခဲ့လို့ ခရိုးနော့ က ငါးနှစ်လုံးလုံး ရိဟာ မွေးသမျှ သားတွေကို မျက်လုံးတောင်မပွင့်ခင် မျိုချလိုက်တယ်။ ဒါကို မကျေနပ်တဲ့ ရိဟာ က ခြောက်ယောက်မြောက် ကလေး မမွေးခင် အာခဒိယ ကို တိတ်တိတ်လေး ထွက် သွားပြီး ဇုစ်ကို မွေးခဲ့တယ်။ပြီးမှ ကျောက်တုန်းတစ်တုန်း ကို အဝတ်နဲ့ ပတ်ပြီး သူ့ကလေး အဖြစ် ခရိုးနော့ ကို ပေးလိုက်တယ်။ခရိုးနော့လည်း မဆိုင်းမတွ မျိုချလိုက်တယ်။ဇုစ် အရွယ်ရောက် လာတော့ ခရိုးနော့ နားကို ခွက်တော်ဆက် အယာင်ဆောင်ပြီး သူယူလာတဲ့ ဖျော်ရည် ကို တိုက်လိုက်တော့ ခရိုးနော့ ပါးစပ်ကနေ ကလေးငါးယောက် နဲ့ ကျောက်တုန်းပါ ပြန်ထွက်လာခဲ့တယ်။ ဇုစ် က သူ့ အစ်ကိုတော် နဲ့ အမတော် တွေကို ဦးဆောင်ပြီး ခရိုးနော့ ကို နန်းချ ပြီး ထီးနန်းအသစ် ကို စခဲ့တယ်။ ဘုရင်အသစ် ဟာ အိုလံပတ်စ် တောင်ကို နန်းတော်ရာ အဖြစ် သတ်မှတ်ပြီး သူ့ရဲ. ...

3.The Empress

Image
Key 3- The Empress  ကဒ်နံပါတ်-၃ ။ ဧကရီ သဘာဝတရား ရဲ့ အုပ်စိုးသူ၊အကာအကွယ် မဲ့ သတ္တဝါ ငယ်တို့ အား ကာကွယ်ပေးသူ မြေကမ္ဘ္ဘာ မိခင် ဒီမိတာ က ဧကရီကဒ် ကို ကိုယ်စားပြုပါတယ်။ ဂရိ ဒဏ္ဏရီ အဆိုအရ ဒီမိတာ ဟာကမ္ဘ္ဘာမြေ မှာ နှစ်တိုင်း ကောက်ပဲသီးနှံ တွေပေါများစေအောင် စောင့်ရှောက် တဲ့အတွက် လူသားတွေက ကျေးဇူးဆပ် တဲ့အနေနဲ့ သူ့ကို နွေနှောင်း မှာ ပြန်ပူဇော်လေ့ရှိကြတယ်။ဒီမိတာ က သဘာဝရဲ့ စက်ဝန်းဖြစ်စဉ် နဲ့ ရှင်သန်ကြီးထွား တဲ့ အရာအားလုံး ရဲ့ အသက် ကို ပိုင်စိုး စေစားပါတယ်။ဘဝအသစ်တွေ မွေးဖွားခြင်းနဲ့ မင်္ဂလာ အခမ်းအနားရဲ့ ဓလေ့ထုံးတမ်း တွေကို ကောင်းချီးပေးသူပါ။သူက ယောင်္ကကျား သား တွေကို မြေယာထွန်ယက် စိုက်ပျိုးနည်း နဲ့ အမျိုးသမီးတွေကို ဂျုံကြိတ် နည်း နဲ့ ပေါင်မုန့်ဖုတ်နည်း တွေကို သင်ပေး ခဲ့တယ်လို့ ဆိုကြတယ်။ ဒီမိတာ နဲ့ သူ့သမီး ပါစီဖုန်း ဟာ အငြင်းအခုန် တွေ နဲ့ ရှုပ်ထွေးလှတဲ့ လောက ကနေဝေးရာမှာ နေကြပေမယ့် တစ်နေ့မှာ ငြိမ်းချမ်းပျော်ရွှင် တဲ့ သားအမိနှစ်ယောက် ရဲ့ ဘဝ ဟာရုတ်ခြင်းပြောင်းလဲ သွားခဲ့တယ်။တစ်ရက် တော့ ပါစီဖုန်း က လမ်းလျှောက်ထွက် ရာ ကနေ ပြန်မလာတော့ဘူး။ သောကလောင်မျိုက် နေတဲ့ ဒီမိတာ က သမီးကို နေရာအနှံ ရှာပေမယ့် ပါစီဖုန်းက ပေ...

2.The High Priestess

Image
Key 2 - The High Priestess ကဒ်နံပါတ်-၂ ။ ။သူတော်စင်မ မြေကမ္ဘ္ဘာမိခင် နှင့် သေခြင်းတရား ၏ လျှို့ဝှက်ချက်များ စောင့်ရှောက်သူ ဒီမိတာ ရဲ့ သမီးတော် မြေအောက်ကမ္ဘာ ရဲ့ အရှင်သခင်မ ပါစီဖုန်း က သူတော်စင်မကဒ်ကို ကိုယ်စားပြုပါတယ်။မြေအောက်ကမ္ဘာ ရဲ့ သခင် ဟေးဒိစ် ဟာ သူ့ကို စုံမက်လွန်းလို့ ပါစီဖုန်း ပန်းခူးထွက်လာချိန် မှာ အတင်းအကျပ် ခိုးပြေးခဲ့ပါတယ်။အမှောင်ကမ္ဘာဘက်ခြမ်း ရောက်တဲ့အခါ ဟေးဒိစ် က ပါစီဖုန်း သူနဲ့ အမြဲတစေ နေနိုင်ဖို့ သေခြင်းတရားရဲ့ အသီးဖြစ်တဲ့ သလဲသီးကို စားစေခဲ့တယ်။ ပါစီဖုန်း က ဟေးဒိစ် နဲ့ အတူ မြေအောက်ကမ္ဘာကို တစ်နှစ်မှာ ၃လ အုပ်စိုးပြီး ကျန် ၉လ ကတော့ သူ့အမေနဲ့ အတူ နေရပေမယ့် သူသိခဲ့တယ့်အမှောင်ကမ္ဘာ ရဲ့ လျှို့ဝှက်ချက်များ ကိုတော့ ဘယ်တော့မှ ပြန်မပြောခဲ့ပါဘူး။ ဟေးဒိစ်အုပ်စိုး တဲ့ အမှောင်ကမ္ဘာဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး ကြောက်မယ်ဖွယ်ကောင်းတယ့် စတစ်ခ် ( styx )ြ မစ်ကြီး က ကွေ့ပတ်စီးဆင်းလို့နေပါတယ်။ဟေးဒိစ် ခွင့်မပြုပဲ အသက်ရှင်လျှက် ဖြတ်ခွင့်မရှိ တဲ့ အဲဒိ သေမင်းတမန်မြစ်ကြီးကိုတော့ သေသူတွေရဲ့ လိပ်ပြာတွေဟာ ကူးတို့သမားကြီး ခဲရွန် (Charon) ကို အကြွေစေ့ မပေးပဲ ကူးလို့မရပါဘူး။ခဲရွန် က အဲ...

1.The Magician

Image
 1.The Magician """""""""""""""""""""""""""""""""""""""""""""" နံပါတ် ၀ က သူရူးတစ်ယောက် ရောက်ခြင်ရာရောက် ၊ ပေါက်ခြင်ရာပေါက် လျှောက်သွားနေ ခဲ့ချိန်ကုန်လွန် ခဲ့ပြီး လမ်းဆုံလမ်းခွဲ ရောက်တဲ့ အချိန်၊ရွေးချယ်စရာ တွေ ရှိလာတဲ့ အချိန် ကို နံပါတ် ၁ -မှော်ဆရာ " က ကိုယ်စားပြုပါတယ်။" မျက်စိရှေ့မှောက်မှာ မီး၊ရေ၊လေ၊မြေ ဓာတ်ကြီး လေးပါး ကိုယ်စားပြုတဲ့ တုတ်၊ခွက်၊ဓား၊ကြယ် ရှိ နေပြီး လက်တစ်ဖက် က ကောင်းကင် ကို ညွှန်ပြ နေပြီး အခြားလက်တစ်ဖက် က မြေကြီး ကို ညွှန်ပြနေတဲ့ အနေအထား မှာ ရှိနေတဲ့ အတွက် ရွေးချယ်မှု " ဟာ ကိုယ်နဲ့သာ ဆိုင်ကြောင်း ဖော်ပြနေပါတယ်။" ရာသီခွင် " - Aries" စိုးမိုးဂြိုဟ် " - Mercury" ကားချပ်အတည့် • လမ်းမှန်ကို ဦးတည်နေတယ့် အချိန်ဖြစ်ပြီး ကိုယ်စွမ်းအား ဉာဏ်စွမ်းအား ရှိသမျှ သုံးပါ။လိုတာ ရမယ့် အချိန်ပါ။ကိုယ့်...

0.The Fool

Image
ကဒ်နံပါတ်-၀ ။ ။အရူး နှစ်ကြိမ် ရှင်ပြန်မြောက် သော ၊ ဇုစ် နတ်ဘုရား ရဲ့ သားတော် ဒိုင်ယိုနိစက် က အရူးကဒ် ကို ကိုယ်စားပြု တယ်။ သီဘီးစ် နိုင်ငံတော် ရဲ့ မင်းသမီး ဆယ်မလီ နဲ့ နတ်ဘုရား ဇုစ် တို့ အကြောင်းသင့် လို့ ရလာခဲ့ တဲ့ ဒိုင်ယိုနိစက် ဟာ ဇုစ် ရဲ့ မိဖုရားခေါင် ဟယ်ရာ ရဲ့ ရန်ငြိုး ကို မမွေး ခင် ကတည်း က ရင်ဆိုင်ခဲ့ ရတယ်။ ဟယ်ရာ က ကိုယ်လုပ်တော် အယောင် ဆောင် ပြီး ဆယ်မလီ ကို ဇုစ် ရဲ့ အချစ် ကို စမ်းသတ် ဖို့ ဆယ်မလီ ရဲ့ အရှေ့ မှာ နတ်တန်ခိုး အပြည့် နဲ့ ကိုယ်ထင်ပြ ဖို့ အကြံပေး သတဲ့။ နောက်ည ဇုစ် ရောက်လာတဲ့ အချိန် အဲဒီလို တောင်းဆိုတော့ ငြင်းမရတဲ့ အဆုံး တန်ခိုးအပြည့် နဲ့ ကိုယ်ထင်ပြ တဲ့ အခါ ဆယ်မလီ ဟာ ဇုစ် ရဲ့ တန်ခိုးကြောင့် ထွက်လာ တဲ့ မိုးကြိုး နဲ့ လျှပ်စီး ကြောင့် မီးလျှံတွေ ရဲ့ ဝါးမြို ခြင်းကို ခံလိုက်ရတယ်။ဒါပေမယ့် ဇုစ် က သန္ဓေသား ဒိုင်ယိုနိစက် ကို ကယ်တင် လိုက် နိုင်တယ်။နတ်ဘုရားတွေရဲ့ စာချွန်တော် ဖြစ်တဲ့ ဟားမိစ် က အဲဒိ သန္ဓေသား လေးကို ဇုစ် ရဲ့ ပေါင်မှာ ထဲ့ချုပ်ပေးခဲ့လို့ ဒိုင်ယိုနိစက်ဟာ ပထမအကြိမ် ရှင်သန်နိုင် ခဲ့တယ်။ အခဲ မကျေတဲ့ ဟယ်ရာ က ကမ္ဘြာေ မ ရဲ့ နတ်ဘုရား တိုင်တန် ကို ထပ်လွှတ်ပြီး တစစီ ဖြစ်အောင် လုပ...